Sunday, May 26, 2024

ကြီးကြီးသေးသေး အရေးမကြီးပါဘူး

ကြီးကြီးသေးသေး အရေးမကြီးပါဘူး

ရေးသားသူ - ဒေါက်တာအောင်ဝင်းဟိန်း

အားလုံးပဲ မင်္ဂလာပါ။ အောင်ဝင်းဟိန်း ချန်နယ် (Aungwin Hein Channal) က ကြိုဆိုပါတယ်။ ကျွန်တော် အခုပြောပြမယ့် အကြောင်းအရာကတော့ ယောင်္ကျားလိင်တံ သေးသေးကြီးကြီး အရေးကြီးသလား ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ 

လူတွေ အမေးများတဲ့ မေးခွန်းတစ်ခုက " လိင်တံသေးနေတဲ့အတွက် ကြီးအောင်လုပ်လို့ရသလား၊ ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိချင်ပါတယ်" တဲ့။ 

ယောင်္ကျားတွေတော်တော်များများ သိချင်နေတဲ့ မေးခွန်းဖြစ်ပါတယ်။ အမေးလည်း များပါတယ်။ အချို့ယောင်္ကျားတွေက " ယောင်္ကျားလိင်တံကို ရှည်အောင် ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်" ဆိုတဲ့ မေးခွန်းလည်း တွေ့ရပါတယ်။ 

လိင်တံ အကြီး၊ အသေးနဲ့ အတို၊ အရှည် ကိစ္စဟာ လူတော်တော်များများ သိချင်တဲ့ မေးခွန်းဖြစ်တဲ့အတွက် ဒီ ဗွီဒီယိုမှာ အဲဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားပါ့မယ်။ 

ဒါဆိုရင် ယောင်္ကျားလိင်တံ အသေး၊အကြီး၊ အတို၊အရှည် သိနိုင်ဖို့ ပုံမှန်အရွယ်အစားကို သိထားဖို့ လိုပါတယ်။ ပျဉ်းမျှ ယောင်္ကျားလိင်တံရဲ့ အရှည်ဟာ ပျော့နေချိန်မှာ ၃ ဒသမ ၆ လက္မ၊ ဒါမှမဟုတ် ၉ ဒသမ ၁ စင်တီမီတာ ရှိပြီး ထောင်မတ်နေချိန်မှာ ၅ ဒသမ ၂ လက္မ၊ ဒါမှမဟုတ် ၁၃ ဒသမ ၁ စင်တီမီတာ ရှိပါတယ်။ 

ပျဉ်းမျှ ယောင်္ကျားလိင်တံရဲ့ လုံးပတ်ဟာ ပျော့နေချိန်မှာ ၃ ဒသမ ၆၆ လက္မ၊ ဒါမှမဟုတ် ၉ ဒသမ ၃၁ စင်တီမီတာ ရှိပြီး ထောင်မတ်နေချိန်မှာ ၄ ဒသမ ၅၉ လက္မ၊ ဒါမှမဟုတ် ၁၁ ဒသမ ၆၆ စင်တီမီတာ ရှိပါတယ်။ 

ဒါဆိုရင် နိုင်ငံတကာ ပျဉ်းမျှယောင်္ကျားလိင်တံရဲ့ အရွယ်အစားဟာ ၄ လက္မကနေ ၆ လက္မ အတွင်းမှာပဲ ရှိပါတယ်။ ဒီအရွယ်အစားအတွင်း သင်ရှိနေတယ်ဆိုရင် ပုံမှန်အရွယ်အစားပဲလို့ ပြောနိုင်ပါတယ်။ 

ဒီမှာ တစ်ခုရှိတာက နိုင်ငံတကာသုံး Sex toy ရဲ့ အရှည်က ၆ လက္မ ရှိတယ်ဆိုတာကို သိထားစေချင်ပါတယ်။ ဒါဟာ standard size ဆိုတာကို သိထားသင့်ပါတယ်။ 

၈၅ ရာခိုင်နှုန်းသော မိန်းမတွေဟာ မိန်းမကိုယ်အစေ့ (Clitoris) ကို လှုပ်ဆော်ပေးဖို့ လိုအပ်တယ်။ ကျွမ်းကျင်လိမ္မာတဲ့ လှုပ်ဆော်မှု ပေးတက်မယ်ဆိုရင် ထိုးသွင်းမှု မလိုဘဲနဲ့ မိန်းမအများစုဟာ အထွဋ်အထိပ် ခံစားမှု (orgasm) ကို ရရှိခံစားရတယ်လို့ လိင်ပိုင်းဆိုင်ရာ ပညာရှင်တွေက ဆိုထားပါတယ်။ 

မိန်းမကိုယ်အစေ့ (Clitoris) ဟာ မိန်းမတွေအတွက် အမြင့်ဆုံး ခံစားမှုကို အပေးနိုင်ဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်တယ် ဆိုတာကို မမေ့ပါနဲ့။ 

ငါ့ရဲ့ လိင်တံအရွယ်အစားက သိပ်သေးနေတယ်လို့ အားငယ်စိတ်ဖြစ်တာဟာ အပြာဇာတ်ကားတွေရဲ့ လှည့်စားမှုကို ခံနေရတဲ့အတွက် ဖြစ်ပါတယ်။ အပြာဇာတ်ကားတွေမှာ လူအများစိတ်ဝင်စားအောင် လိင်တံကြီးတဲ့ ယောင်္ကျား အနည်းစုကို အသုံးပြုတာနဲ့ (သရုပ်ဆောင်စေတာနဲ့) ကင်မရာရဲ့ လှည့်စားမှုတွေကြောင့် ပုံမှန်ထက် ကြီးမားတဲ့ လိင်တံကို တွေ့မြင့်ရတာ များလာတဲ့အခါ ကိုယ့်ပစ္စည်း ကိုယ်ငုံ့ကြည့်ပြီး အားငယ်စိတ် ဖြစ်လာပါတယ်။ 

အဲဒီ အားငယ်စိတ်က လိင်ဆက်ဆံဖို့ စိတ်အားထက်သန်မှုကို ကျဆင်းစေပါတယ်။ လိင်ဆက်ဆံချင်စိတ်ကို လျော့နည်းစေတယ်။ မိမိရဲ့ အိမ်ထောင်ဖက်က အထင်အမြင်သေးသွားမှာ စိုးရိမ်ကြောက်လန့်လာပါတယ်။ 

လိင်တံအရွယ်အစားက ဘယ်လောက်ပဲရှိရှိ သင်နဲ့ သင့်ရဲ့ အိမ်ထောင်ဖက်ဟာ အဆင်ပြေနေတယ်။ ကိုယ့်ကိုကိုယ် ယုံကြည့်မှုရှိနေတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာမှု၊ လေးစားမှုရှိနေတယ်ဆိုရင် အိမ်ထောင်ရေး သုခကို အပြည့်အ၀ ရနေတယ်လို့ ပြောနိုင်ပါတယ်။ 

လိင်တံကြီးတိုင်း ကောင်းသလား

လိင်တံကြီးလွန်းရင် မိန်းမတွေရဲ့ မိန်းမကိုယ်နဲ့ မတန်တဆဖြစ်တဲ့အတွက် နာကျင်ခြင်းကို ပိုခံစားရပါတယ်။ နာကျင်ခြင်းဟာ လိင်စိတ် အထွဋ်အထိပ်ရဖို့ ခက်ခဲသွားစေပါတယ်။ ယောင်္ကျားလိင်တံ ကြီးလွန်းတဲ့ အတွက် Anal sex (စအိုနဲ့ဆက်ဆံခြင်း) လုပ်ရင် စုတ်ပြဲသွားနိုင်ပါတယ်။ ဒါဟာ နောက်တစ်ကြိမ် လိင်ဆက်ဆံဖို့ ကြောက်စိတ်ဝင်လာစေပါတယ်။

Oral sex (ပုလွေမှုတ်ခြင်း) လုပ်ရင် ပါးစပ်မှာ ပိတ်ဆို့နေတာမို့ တင်းကြပ်မှု ဖြစ်ပြီး အသက်ရှုရခက်ခဲစေနိုင်ပါတယ်။ အထွဋ်အထိပ် ခံစားချက်ကို ရရှိဖို့ ခက်ခဲစေပါတယ်။

ယောင်္ကျားလိင်တံ ကြီးသူတွေဟာ များသောအားဖြင့် သက်လုံမကောင်းကြပါဘူး။ ခဏလေးနဲ့ ပြီးသွားတာမို့ မိန်းမမှာ ဆပ်တငန့်ငန့် ဖြစ်စေပါတယ်။ ယောင်္ကျားရဲ့ လိင်တံကြီးတာကြောင့် မိန်းမတွေဟာ နာကျင်မှု ခံစားရမှာ (ဖြစ်တာကြောင့်) ကြောက်စိတ် ဖြစ်စေပါတယ်။

လိင်ဆက်ဆံခါနီးမှာ ချောဆီ (lubricant) ကို သုံးဖို့လိုလာပါတယ်။ ချောဆီ (lubricant) ကို ရှာရ၊ ဝယ်ရ၊ အဆင်သင့်ပြင်ရ၊ သုံးနေရတာတွေက လိင်စိတ်ခံစားချက်ကို ထိခိုက်စေပါတယ်။

ယောင်္ကျားလိင်တံ ကြီးအောင် ဘယ်လိုလုပ်ကြမလဲ

လိင်တံကြီးစေတဲ့ ခွဲစိတ်မှုတွေ လုပ်တာတွေရှိပါတယ်။ လိင်တံကို ပိုရှည်စေတဲ့ ခွဲစိတ်မှုပါ။တစ်လက္မ နီးပါးလောက်၊ အနည်းငယ်လောက်တော့ ပိုရှည်လာနိုင်ပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုရဲ့ ဘေးထွက်ဆိုးကျိုးက အများကြီး ရှိနေပါတယ်။  ခွဲစိတ်မှု ကုန်ကျစရိတ်ကလည်း များလှပါတယ်။ မအောင်မြင်တဲ့ ခွဲစိတ်မှုတွေရှိသလို ဘေးထွက်ဆိုးကျိုးတွေ များလှတဲ့အတွက် ဒီနည်းဟာ အကျိုးရှိတဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။ 

နောက်တစ်နည်းကတော့ လေစုပ်တဲ့ ပန့်နဲ့ ကြီးအောင်လုပ်တဲ့ နည်းတစ်ခုပါ။ ဒီကိရိယာက လိင်တံထဲကို သွေးတွေ စီးဝင်အောင် လုပ်တဲ့ နည်းပါ။ အနည်းငယ် ကြီးလာတယ်လို့ ထင်ရတဲ့ လိင်တံထောင်မတ်လာတာမျိုးပါ။ ရေရှည်မှာ အလုပ်မဖြစ်တာ များပါတယ်။

နောက်တစ်နည်းကတော့ အလေးတွေနဲ့ ဆွဲဆန့်တဲ့နည်း ဖြစ်ပါတယ်။ အလေးချိန်တွေရဲ့ အားကြောင့် အခန့်မသင့်ရင် လိင်တံကြွက်သားတွေ ပျက်စီးပြီး (နောက်ဆုံး)  ဖြစ်ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

လိင်တံကို လိမ်းဆေးလိမ်းတဲ့ နည်းလမ်းလည်း ရှိပါတယ်။ ဆေးတွေက ပူတာကြောင့် သွေးကြောတွေ ကျယ်ပြီး လိင်တံဆီ သွေးစီးဆင်းမှု များလာတယ်။ လိင်တံကြီးလာတယ်လို့ ထင်ရပါတယ်။ ယာယီမှာ ကောင်းသယောင် ရှိပေမယ့် ရေရှည်မှာ အဆင်မပြေတာ များပါတယ်။ 

ဗိုင်ယာဂရာလို ဆေးတွေသောက်တာမျိုးလည်း ရှိပါတယ်။ အမှန်က အဲဒီဆေးတွေဟာ ပန်းသေ၊ ပန်းညှိုးရောဂါသည်တွေအတွက် ထုတ်လုပ်ထားတဲ့ ဆေးတွေ ဖြစ်ပါတယ်။ သွေးကြောတွေ ပိုကျယ်စေပြီး လိင်တံဆီ သွေးအရောက်များတာကြောင့် လိင်တံထောင်မတ်လာတာပါ။ ကြီးတယ်လို့ ထင်ရပေမယ့် အမှန်က ကြီးတာ မဟုတ်ဘဲ ထောင်မတ်လာတာပါ။ ဒီဆေးတွေ သောက်တာများရင် သွေးပေါင်ချိန် ကျနိုင်ပါတယ်။ နှလုံးရောဂါ ရှိသူဆိုရင် သတိထားရမယ့် သောက်ဆေးတွေ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဂေါ်လီထည့်တဲ့နည်း ဖြစ်ပါတယ်။ ယောင်္ကျားလိင်တံကို အဖုအထစ်တွေ ဖြစ်အောင်လုပ်တဲ့နည်းလမ်းမျိုးနဲ့ ကြီးအောင်လုပ်တာပါ။ ရည်ရွယ်ချက်က လိင်ဆက်ဆံဖော် မိန်းမကို လိင်စိတ်ခံစားချက်တွေ ပိုဖြစ်စေချင် (ပိုကောင်းစေချင်) တဲ့ သဘောပါပဲ။ သေသေချာချာ သွေးထားတဲ့ ဖန်သားတွေကို လိင်တံရဲ့ အရေပြားကို ဖောက်ပြီး အရေပြားအောက်ကို ထိုးသွင်းထားတာပါ။ 

အချို့က တစ်လုံးနှစ်လုံး ထည့်တက်သလို အချို့က ပတ်ပတ်လည်စီပြီး ထည့်ထားတက်ကြတယ်။ ယောင်္ကျားတွေအတွက် ထူးခြားတဲ့ ခံစားမှုမျိုး မရပါဘူး။ မိန်းမတွေအတွက် ရည်ရွယ်တဲ့ သဘောပါပဲ။ ပြည့်တန်ဆာတွေကို ခံစားချက်တွေ ကောင်းစေနိုင်ပေမယ့် မိန်းမပျိုနဲ့ အလေ့အကျင့်မရှိတဲ့ အိမ်ထောင်သည် မိန်းမတွေ အတွက် နာကျင်ခြင်းကိုသာ ခံစားရနိုင်ပါတယ်။ 

ကိုယ်ခန္ဓာထဲကို ပြင်ပပစ္စည်းတစ်ခုခု ထည့်ထားတာဟာ ဓါတ်မတည့်မှု ဖြစ်စေနိုင်ပါတယ်။ အနာတွေ ဖြစ်စေပါတယ်။ နောက်တစ်ခုက လိင်ဆက်ဆံဖက်ကို ရောဂါကူးစက်ဖို့ အလွန်လယ်ကူစေပါတယ်။ ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပြီး လိင်တံဖြတ်ရတဲ့အထိ ဖြစ်တာလည်း တွေ့ဖူးပါတယ်။

ကျွန်တော် ဖားကန့်မှာ ဆေးခန်းထိုင်စဉ်က ဂေါ်လီလာပြန်ထုတ်တဲ့ လူနာအများစုဟာ ထောင်ထဲမှာ သွင်းခဲ့တယ်လို့ ပြောကြပါတယ်။ အချင်းချင်း သွင်းကြပါတယ်။ ဆေးဝန်ထမ်းတွေနဲ့ လုပ်တာ မဟုတ်တဲ့အတွက် အများစုဟာ အနာတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။ ကာလသားရောဂါတွေ အဖြစ်များတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ဒီနည်းလမ်းဟာလည်း ကောင်းတဲ့ နည်းလမ်း မဟုတ်ပြန်ပါဘူး။ 

နောက်တစ်ခုက လိင်တံကို ဆေးထိုးပြီး ကြီးအောင်လုပ်တဲ့ နည်းလမ်းပါ။ ထောင်မတ်တဲ့ သဘောလည်း မဟုတ်ဘဲ အမြဲတမ်းကြီးနေတဲ့ သဘောပါ။ ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်လာတဲ့အတွက် မကောင်းတဲ့နည်းလမ်းလို့ ပြောနိုင်ပါတယ်။ 

နည်းလမ်းအားလုံးမှာ ကိုယ်စီအားနည်းချက်တွေ ရှိပြီး ဆိုးကျိုးတွေ ဖြစ်တာမို့ ကောင်းတဲ့နည်းလမ်းရယ်လို့ မတွေ့မိပါဘူး။ 

ရှေးနှစ်ပေါင်းများစွာကတည်းက ယောင်္ကျားတွေဟာ လိင်တံကို နည်းမျိုးစုံနဲ့ ကြီးအောင်လုပ်ခဲ့ကြတာ အခုထိပါပဲ။ အကောင်းဆုံး နည်းလမ်းရယ်လို့လည်း အခုထိ တစ်ခုမှ မတွေ့သေးပါဘူး။ (ကမ္ဘာဦးကတည်းက စလာခဲ့တဲ့ အမျိုးသားထုကြားက အခုထိ မပြေလည်သေးတဲ့ ဧရာမ ပြဿနာကြီးတစ်ခုပေါ့။) 

သင်ရဲ့ဖွားဖက်တော်ဟာ သဘာဝပေးတဲ့အတိုင်းပဲ ကောင်းပါတယ်လို့ ပြောချင်ပါတယ်။ လိင်တံသေးသေးကြီးကြီး အရေးမကြီးပါဘူး။ မိန်းမတွေဟာ ခံစားချက်ကို ဦးစားပေးတက်သူတွေမို့ သူတို့ကို (ကြင်ကြင်နာနာ) ချစ်ချစ်ခင်ခင်၊ ယုယုယယ၊ လေးလေးစားစား ဆက်ဆံရင် လိင်ဆက်ဆံမှုဟာ အထွဋ်အထိပ် ပြီးမြောက်မှု ဖြစ်စေပါတယ်လို့ ပညရှင်တွေက ပြောကြပါတယ်။

ယောင်္ကျားတွေ လိင်တံကြီးချင်ကြတဲ့ အဓိကစေတနာက သူတို့ရဲ့ လိင်ဆက်ဆံဖက် အမျိုးသမီးတွေကို ခံစားချက်ကောင်းစေချင်တာပါ။ စေတနာကောင်းပေမယ့် အကျိုးမရှိတဲ့ အလုပ်ဖြစ်တာကြောင့် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဒီလိင်တံကြီးအောင် အားထုတ်မှုကို ဆက်မလုပ်တာက အကောင်းဆုံးလို့ အကြံပြုလိုက်ပါတယ်။ ကြီးကြီးသေးသေး အရေးမကြီးပါဘူး။ သဘာဝက ပေးထားတဲ့ လက်ဆောင်ကသာ အကောင်းဆုံးလို့ ပြောချင်ပါတယ်။ 

လူငယ် ယောင်္ကျားလေးနဲ့ မိန်းကလေး အများစုဟာ လိင်တံကြီးမှ၊ရှည်မှ လိင်စိတ်အထွဋ်အထိပ်ကို ရောက်ကြမယ်လို့ ထင်ကြပါတယ်။ အဲဒါ မမှန်ပါဘူး။ ဘာကြောင့်ဆိုတော့ မိန်းမတွေရဲ့ အာရုံခံစားမှုဟာ မိန်းမကိုယ်ရဲ့ ပြင်ပအစိတ်အပိုင်းမှာသာ အများအားဖြင့် ရှိနေပါတယ်။

အဲဒီအထဲမှာ အထွဋ်အထိပ် အာရုံခံစားမှုကို အများဆုံး ပေးနိုင်တဲ့ မိန်းမကိုယ်အစေ့ (Clitoris) ဟာ မိန်းမကိုယ်ရဲ့ ပြင်ပ အပေါ်ဖက်မှာ တည်ရှိပါတယ်။ အဲဒီ မိန်းမကိုယ် အစေ့ကို လက်နဲ့ဖြစ်ဖြစ်၊ Sex toy နဲ့ဖြစ်ဖြစ် လှုပ်ဆော်မှု ပေးတက်မယ်ဆိုရင် မိန်းမတွေအဖို့ အကြိမ်ကြိမ် အထွဋ်အထိပ်ခံစားမှု (Orgasm) ကို ရနိုင်ပါတယ်။ 

ထိုးသွင်းမှု တစ်ခုတည်းနဲ့ ပြီးမြောက်တယ် ဆိုတာ မိန်းမတွေအဖို့ ၂၅ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ အတော်နည်းတဲ့ ရာခိုင်နှုန်းပါပဲ။ ဒီအချက်အလက်ဟာ ၇၅ ရာခိုင်နှုန်းသော မိန်းမတွေဟာ ထိုးသွင်းမှု တစ်ခုတည်းနဲ့ မပြီးမြောက်ဘူးဆိုတဲ့ သဘောပါပဲ။

အဲဒီမိန်းမ အများစုကို ချစ်တင်းမနှောခင်မှာ Foreplay (ကြိုတင်နှိုးဆွမှု) လုပ်ပေးဖို့ လိုပါတယ်။ နှုးနပ်တယ်လို့ ပြောရလိမ့်မယ်။ (အများအားဖြင့် နှုတ်ခမ်းချင်း နမ်းစုပ်တာ၊ ရင်သားနဲ့ အခြား လိင်စိတ်နိုးကြွစေမယ့် နေရာတွေကို ပွတ်သက်ပေးတာမျိုးတွေပါ။)
လိုအပ်လာရင် after play လည်း လုပ်ပေးဖို့ လိုပါတယ်။ (ဥပမာ ယောင်္ကျားလေးက ကိုယ့်ဆန္ဒ ပြီးမြောက်သွားပြီးနောက် အမျိုးသမီးကို ဂရုမစိုက်တော့တာ၊ တဖက်ကို ကျောပေးသွားတာမျိုး မလုပ်ဘဲ၊ ကြင်ကြင်နာကြင် ဖက်ထားပေးတာ၊ နမ်းပေးတာ၊ ချီးမွမ်းပြောဆိုတာမျိုးတွေ လုပ်ပေးတာ စသည်စသည်..)

ယောင်္ကျားတွေရဲ့ အကောင်းဆုံး လိင်ဆက်ဆံချိန်ဟာ (၃) မိနစ်ကနေ (၁၃) မိနစ်အတွင်း ဖြစ်ပါတယ်။ မိန်းမတွေရဲ့ ပြီးမြောက်ချိန်ဟာ (၂၅) မိနစ်ဖြစ်တယ် ဆိုတာကို သိပြီး သင်က ထိန်းညှိပေးနိုင်ရင် အထွဋ်အထိပ် ခံစားချက်ကို နှစ်ဦးနှစ်ဖက်စလုံး အပြည့်အ၀ ရနိုင်ပါတယ်။ 

အစအဆုံး ကြည့်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နောင် အလွယ်တကူနိုင်ဖို့အတွက် Subscribe ကို တစ်ကြိမ်နှိပ်ပေးထားပါလို့ မေတ္တာရပ်ခံပါတယ်။ Like & Share ကိုလည်း နှိပ်ပေးစေချင်ပါတယ်။ လူသားအားလုံး လွတ်လပ်ပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ 

Have a nice Day!

............................................

အခု အောက်က Video file လေးက AZ Channel TV လေးက ခေါင်းကြီးတို့ ကြည့်သင့်တဲ့ သတင်း Video လေးပါ။ အမျိုးသားထုရဲ့ ပြဿနာပေါ..ဟားဟား။

ရောမပြည်က စံအချိုးအစား လုံးတီး ပန်းပု ရုပ်တွေမှာ လိင်တန်အရွယ်အစားဟာ သာမန်ဆိုတာရယ်။ ရှေးခေတ် ပဝေသဏီ ကတည်းက ရှိခဲ့တဲ့ ကာမသျှတ္တရ ကျမ်းတွေမှာ လိင်တန်ကြီးသူတွေဟာ လူယုတ်မာတွေလို့ သတ်မှတ်ခဲ့ကြတယ် ဆိုတာရယ်ကို ခေါင်းကြီးတို့ သတိချပ်စေချင်ပါတယ်။



........................................💚💛💖💝💙........................................




Print Friendly and PDF

No comments:

Post a Comment